ယာဥ်မောင်း (၄၅ ပေတွဲကား၊ ၃၂ ပေ၊ ၂၁ ပေနှင့် ၁၄ ပေ) - သီလဝါ

 

လုပ်ငန်းတာဝန်များ


•    သီလဝါအထူး စီးပွါးရေးဇုန် တွင် တာဝန်ထမ်းဆောင်ရန်ဖြစ်သည်။
•    ၄၅ ပေ တွဲကား၊ ၁၄ ပေ၊ ၂၁ ပေ၊ ၃၅ ပေ ယာဥ်များ မောင်းနိုင်သူ ဖြစ်ရမည်။ 
•    လုပ်ငန်းအတွက် လိုအပ်ပါက ခရီးသွားလာနိုင်သူဖြစ်ရမည်။
•    မိမိတာဝန်ကျရာ ယာဉ်ပေါ်ရှိ ကုန်ပစ္စည်းများကို ထိခိုက်မှု မရှိအောင် သတ်မှတ်ထားသောနေရာ သို့ ပို့ဆောင်နိုင်ရမည်။
•    မိမိတာဝန်ကျရာ မော်တော်ယာဉ်ကို ကောင်းစွာထိန်းသိမ်းပြီး သန့်ရှင်းမှုရှိအောင်ဆောင်ရွက်နိုင်ရမည်။


လျှောက်ထားသူ လိုအပ်ချက်များ

•    ကားကြီးမောင်းသက်တမ်း အနည်းဆုံး လုပ်သက် (၅) နှစ် နှင့် အထက် ရှိသူဖြစ်ရမည်။
•    လိုင်စင်အနီ ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး လိုင်စင်သက်တမ်း ၃ နှစ်နှင့် အထက်ရှိသူဖြစ်ရမည်။
•    ရန်ကုန်မြို့တွင်းလမ်းကြောင်းများကို ကျွမ်းကျင်စွာမောင်းနှင်နိုင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို နားလည်ရမည်။
•    အကျင့်စာရိတ္တကောင်းမွန်ပြီး ကုမ္ပဏီမှချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
•    အလုပ်ချိန်အတွင်း ဆေးလိပ်/အရက်/ကွမ်းယာ ရှောင်နိုင်ပြီး သန့်ရှင်းသပ်ရပ်စွာ နေထိုင်နိုင်သူဖြစ်ရမည်။
•    ပေါင်းသင်းဆက်ဆံရေးနှင့် စာရိတ္တအထူးကောင်းမွန်ပြီး စိတ်ရှည်/သည်းခံ၍ ရိုးသား ကြိုးစားလိုစိတ်ရှိသူ ဖြစ်ရမည်။
•    သန်လျင်မြို့ နှင့် ကျောက်တန်းမြို့ အနီးတွင် နေထိုင်သူ ဦးစားပေးမည်။

 

ရုံးလိပ်စာ

Thilawa

Plot C (13), Thilawa Special Economic Zone A
Working Day (Thilawa) - Monday to Friday
Off Day - Saturday (Half) & Sunday
Working Hour - 8:00 AM to 5:00 PM