Forklift Operator (Thilawa Office)

 

လုပ်ငန်းတာဝန်များ

•    ကုန်ပစ္စည်းများ ကားပေါ်တင်ခြင်း၊ ကားပေါ်မှချခြင်း၊ သိမ်းဆည်းခြင်း၊ အစုလိုက်ထားခြင်း၊ ကောက်ယူခြင်း၊ ပို့ဆောင်ခြင်းနှင့် ပြန်လည်နေရာချထားခြင်း လုပ်ငန်းစဉ်များအတွက် Forklift ယာဉ်များနှင့် အခြားသော ဂိုထောင်စက်ပစ္စည်းများ (MHE) ကို မောင်းနှင်အသုံးပြုနိုင်ရမည်။
•    မတော်တဆမှုများကို ကာကွယ်ရန် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများနှင့် ကုမ္ပဏီ လမ်းညွှန်ချက်အားလုံးကို လိုက်နာခြင်း။ 
•    စက်ပစ္စည်းများ စိတ်ချရပြီး အဆင်ပြေစွာ အလုပ်လုပ်နိုင်စေရန် လုပ်ငန်းစတင်မည့်အချိန်တွင် ကြိုတင်စစ်ဆေးခြင်းများ ပြုလုပ်ခြင်း။
•    Forklift ယာဉ်များအား အခြေခံပြုပြင်ထိန်းသိမ်းခြင်းများ၊ ပြင်ဆင်မှုလိုအပ်နေသော စက်ပစ္စည်းများအား စာရင်းတင်ပြခြင်း။
•    ဂိုထောင် 5S (စီမံခန့်ခွဲခြင်း၊ စနစ်တကျထားရှိခြင်း၊ သန့်ရှင်းရေး၊ စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ ထိန်းသိမ်းခြင်း) အခြေခံပြီး ဂိုထောင်ပတ်ဝန်းကျင်ကို သန့်ရှင်းစင်ကြယ်စွာနှင့် စနစ်တကျ ထားရှိခြင်း။
•    လုပ်ငန်းစဉ် ချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် အခြားဂိုထောင်ဝန်ထမ်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။


လျှောက်ထားသူ လိုအပ်ချက်များ

•    အလယ်တန်း (သို့) အထက်တန်းကျောင်း အဆင့် ပညာအခြေခံရှိရမည်။
•    လုပ်ငန်းအတွေ့ အကြုံ အနည်းဆုံး (၂) နှစ် ရှိရမည်။
•    အသေးစိတ်ကို ကောင်းစွာဂရုစိုက်နိုင်ပြီး မှန်ကန်မှုရှိရမည်။
•    တစ်ကိုယ်တည်းလည်း အလုပ်လုပ်နိုင်ပြီး အဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရမည်။
•    ညွှန်ကြားချက်များကို လိုက်နာနိုင်စွမ်းရှိရမည်။
•    အသောက်အစားကင်းရှင်း၍ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

 

ရုံးလိပ်စာ

Thilawa

Plot C (13), Thilawa Special Economic Zone A
Working Day (Thilawa) - Monday to Friday
Off Day - Saturday (Half) & Sunday
Working Hour - 8:00 AM to 5:00 PM